Peekaboo ပို့စ်ခေါက်နည်း

0 comments

ပို့စ်ခေါက်နည်းကို ကျွန်တော်ပြောပြပါ့မယ် .
မပြောချင် template ကိုတော့ back up လုပ်ထားဖို့ မမေ့ပါနဲ့ .. ဒါမှ ကိုလုပ်တာ မှားယွင်းသွားရင် အရင် Blog ပုံစံအတိုင်း ပြန်ရမှာပါ .

(၁) blogspot ကို log in ၀င်လိုက်ပါ ..
(၂) Layout >> Edit HTML ကိုသွားပါ ..
(၃) ကို ရှာပါ မဆုံးခင်လေးမှာ အောက်မှာ မှင်အနီနဲ့ ပြထားတဲ့ script ကို ကူးထည့်လိုက်ပါ။

[...]

စင်္ကာပူကိုမလာခင် သိထားရမည့်အချက်များ

0 comments

မြန်မာနိုင်ငံကနေ ဘယ်နိုင်ငံကိုပဲ သွားသွား တရားဝင်သွားမယ်ဆိုရင် Passport ဆိုတဲ့ မြန်မာနိုင်ငံ အစိုးရက တရားဝင် ထုတ်ပေးတဲ့ နိုင်ငံကူး လက်မှတ် လိုပါတယ်။ ဒါအားလုံး သိပြီးသားပါ။ ပြီးရင် ကိုယ်သွားမယ့် နိုင်ငံရဲ့ ပြည်ဝင်ခွင့် ဗီဇာပေါ့။ ဒီနေရာမှာ နိုင်ငံအလိုက် စည်းကမ်း သတ်မှတ်ချက်တွေနဲ့ အတူ သွားမယ်ပုံစံပေါ်မှာပါ မူတည်ပြီး ကွဲပြားလာပါတယ်။ စင်္ကာပူကို သွားမယ့် မြန်မာနိုင်ငံက လူငယ်တွေ အတွက်တော့ ကျောင်းသွားတက်မယ်ဆိုတဲ့ Student Visa နဲ့ အလည်အပတ် သွားမယ်ဆိုတဲ့ Short Visit Visa ဆိုပြီး နည်း ၂ နည်း အသုံးများနေပါတယ်။

သိထားသင့်တဲ့ စင်ကာပူ (၅)

0 comments

ဧပြီလထုတ် သံလွင်အိပ်မက်မှာ “သိထားသင့်တဲ့ စင်ကာပူ (၄)” ကို အလုပ်အကိုင်အခွင့်အလမ်းများ အတွက် ရည်ရွယ်ပြီး ရေးသားခဲ့ပါတယ်။ အဲဒီဆောင်းပါးကို ဖတ်မိကြတဲ့ စာဖတ်သူတွေဆီက ကျေးဇူးတင်ကြောင်းတွေ လက်ခံရရှိခဲ့သလို ထပ်သိချင်သေးတယ်၊ မပြည့်စုံဘူးနော် ဆိုတာမျိုးတွေလည်း ရရှိခဲ့ပါတယ်။ ဆောင်းပါးရေးပြီးကတည်းကလည်း ကျွန်တော်ကိုယ်တိုင်က တချို့နေရာတွေမှာ ပိုပြီးပြည့်စုံသင့်တယ်လို့ ယူဆထားတာတွေရှိလို့ ဒီတပတ်မှာ “သိထားသင့်တဲ့ စင်ကာပူ (၅)” ကို အပိုင်း(၄) ရဲ့ အဆက်သဘောမျိုး ဖြည့်စွက်ရေးသားလိုက်ပါတယ်။ ဒီအပိုင်း (၅) မှာတော့ အလုပ်ရှာတဲ့ လူတွေအတွက် အင်တာဗျူးကို အောင်အောင်မြင်မြင် ဖြတ်သန်းပြီးတဲ့အခါ Pass တွေလျှောက်တာ၊ ကဒ်ပြားသွားထုတ်တာတွေနဲ့ ပတ်သက်တာလေးတွေ ဖြည့်စွက်ရေးသားလိုက် ပါတယ်။

[...]

လက်ရှိမှာ ရထားလိုင်း

0 comments

လက်ရှိမှာ ရထားလိုင်း ၃ လိုင်းရှိပါတယ်။ အလွယ်တကူ မှတ်လို့ ရတာကတော့ မြေပုံမှာ ပြထားတဲ့ အရောင်တွေ ဖြစ်ပါတယ်။ နိုင်ငံရဲ့ အရှေ့နဲ့အနောက် လွန်းပြန်ပြေးနေတဲ့ အစိမ်းရောင်လိုင်း၊ တောင်မြောက် (အထက်အောက်) ပြေးဆွဲတဲ့ အနီရောင်လိုင်းနဲ့ အရှေ့မြောက်ဘက်ကို ဒေါင့်ဖြတ်ပြေးတဲ့ ခရမ်းရောင်လိုင်းတို့ ဖြစ်ပါတယ်။ မကြာခင်မှာ နိုင်ငံရဲ့ ဗဟိုကို စက်ဝိုင်းပုံပတ်မယ့် အဝါရောင်လိုင်း ပေါ်လာဦးမှာပါ။ ဗမာတွေ နေစရာ အိမ်ရှာကြတဲ့အခါ အစိမ်းရောင်လမ်း တစ်လျှောက်၊ အနီရောင်လမ်း တစ်လျှောက်ဆိုပြီး ရှာတတ်ကြပါတယ်။

[...]