လက်ရှိမှာ ရထားလိုင်း ၃ လိုင်းရှိပါတယ်။ အလွယ်တကူ မှတ်လို့ ရတာကတော့ မြေပုံမှာ ပြထားတဲ့ အရောင်တွေ ဖြစ်ပါတယ်။ နိုင်ငံရဲ့ အရှေ့နဲ့အနောက် လွန်းပြန်ပြေးနေတဲ့ အစိမ်းရောင်လိုင်း၊ တောင်မြောက် (အထက်အောက်) ပြေးဆွဲတဲ့ အနီရောင်လိုင်းနဲ့ အရှေ့မြောက်ဘက်ကို ဒေါင့်ဖြတ်ပြေးတဲ့ ခရမ်းရောင်လိုင်းတို့ ဖြစ်ပါတယ်။ မကြာခင်မှာ နိုင်ငံရဲ့ ဗဟိုကို စက်ဝိုင်းပုံပတ်မယ့် အဝါရောင်လိုင်း ပေါ်လာဦးမှာပါ။ ဗမာတွေ နေစရာ အိမ်ရှာကြတဲ့အခါ အစိမ်းရောင်လမ်း တစ်လျှောက်၊ အနီရောင်လမ်း တစ်လျှောက်ဆိုပြီး ရှာတတ်ကြပါတယ်။
ဘူတာတွေ အနေနဲ့ တချို့က မြေအောက်မှာဖြစ်ပြီး တချို့ကတော့ မြေပေါ်မှာပဲ ရှိပါတယ်။ ရထားလမ်း ၂ ခုကနေ ၃ ခုဆုံတဲ့ ဘူတာတွေကို Interchange လို့ခေါ်ပြီး ရထား ပြောင်းစီးနိုင်ပါတယ်။ စင်ကာပူမှာ Interchange သိပ်မရှိလှဘဲ အကြီးဆုံး Interchange ကတော့ Dhoby Ghaut Interchange ပဲဖြစ်ပြီး မြေအောက်မှာ တခမ်းတနား ရှိပါတယ်။

0 comments:
Post a Comment